လင်းပွင့်လူပျော်၏ ရေးလက်စ သုညတစ်လုံး
this site the web

“၀ဋ်” အကြီးကြီး လည်တယ် ( ၂ )

ဝဋ် အကြီးကြီး လည်တယ် ( ၂ )

 

 

နေတဲ့ ခွေးတစ်ကောင်က

ဒဏ်ရာကို လျှာနဲ့ သပ်သလိုမျိုး

ကိုယ့်ရင်ဘတ်ကိုယ် ပြန်စမ်းမိတိုင်း “မော တယ် ။

 

 

 

                                           ညီစိမ်း


“၀ဋ်” အကြီးကြီးလည်တယ် ။

ဝဋ် အကြီးကြီး လည်တယ် ။

 

 

ပင်လယ်ထဲရောက်ပြီး

မိုးရေ ငတ်နေသလိုမျိုး ၊

သေရမှာတောင် မေ့ တယ် ။

 

 

 

                                           ညီစိမ်း

 

 

သောကြာထောင့်က ကြယ်တွန်သံ

လက်လှမ်းမှီသလို အလိပ်လိုက်

ဖွင့်ထားတဲ့ ကောင်းကင်မှာ

ည ကို ခန်းလုံးပြည့် တပ်ဆင်

စားပွဲစွန်းပေါ်က မီးအိမ်လေးတောင်

မှောင် ”

 

အမြဲတမ်းရပ်နေတဲ့ လက်ပတ်နာရီနဲ့

ရက်မပြောင်းတော့တဲ့ အိတ်ဆောင်ပြက္ခဒိန်

မကြည့်ဖြစ်တော့တာ ( မကြည့်ဝံ့တော့တာ )

အတော်အတန်ကို ကြာခဲ့ပြီ ။

 

အင်္ကျီအိပ်ကပ်ထဲက

တဆစ်ဆစ် “ အောင့် ” တယ် ။

ခပ်ဖွဖွ ခြုံထားတဲ့ မျက်ရည်စတွေက

စာရွက်လွတ် နဲ့ ဘောပင်ကို ကောက်ကိုင်တယ် ။

 

လ ကလည်း သူ့အရိပ်သူခို

ည ကလည်း သူ့အရိပ်သူခို

အရိပ်တစ်ခု ငတ်တယ်လို့

ညနေခင်းက ပြောတယ် ။

ရွှန်းလက်တောက်ပတဲ့ ကြယ်တစ်စင်း ငတ်တယ်လို့

ညနေခင်းက ပြောတယ် ။

ငါ့အရိပ်ကိုတော့ နွေပူပူကျဲမှာ

ထီးဖွင့်နေတုန်း အခိုးခံလိုက်ရတယ် ။

 

အဲ့ဒီနေ့က

ငါ တစ်ယောက်တည်းကွက်ပြီး

ပြက္ခဒိန်တွေ “ မှား

နေနာရီလေးကပြောတယ် ။

ညနေ ၅ နာရီ ထိုးပြီ ” တဲ့

ညတွေ ခါးတယ် ။

ရင်ဘတ်တစ်ခြမ်း ငတ်တယ် ။

 

 

 

ညီစိမ်း

 

W3C Validations

Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Morbi dapibus dolor sit amet metus suscipit iaculis. Quisque at nulla eu elit adipiscing tempor.

Usage Policies