လင်းပွင့်လူပျော်၏ ရေးလက်စ သုညတစ်လုံး
this site the web

ခဏတဖြုတ် သတိပေးကြေညာချက်

 ခဏတဖြုတ် သတိပေးကြေညာချက်

 

 ရာသီဥတု သာယာရင် ကောင်းမယ် ။
( အညောင်းမိနေတဲ့ )
လူတွေ လမ်းလျှောက်ထွက်တာပဲ ဖြစ်ဖြစ် ၊
စိတ်တွေ လမ်းလျှောက်ထွက်တာပဲ ဖြစ်ဖြစ် ၊
ဘာအားဆေးသောက်သောက် မထူးမယ့်အတူတူ
နောက်တစ်ခေါက်လောက် ရေ ထပ်ချိုးကြည့်ဖို့
အကြံပေးချင်တယ် ။
မင်း သိမှာပါ ။
ခေါင်းပေါ်တည့်တည့်ရောက်မှ
နေထွက်တာမဟုတ်မှန်း မင်း သိ မှာ ပါ ။
မင်း ခေါင်းပေါ်က ပန်းသီး
ငါ့ မြှားနဲ့ ပစ်ရလောက်အောင် မလှမှန်းလည်း
မင်း သိ မှာ ပါ ။
ခုနစ်စဉ်ကြယ်ကို ရှာချင်ရင်
( အနည်းဆုံးတော့ )
တစ် က နေ ခုနစ် ထိ ကောင်းကောင်းရေတတ်ဖို့ လိုမယ် ။
စကားလုံးလှလှတွေ ပြော ဖို့
မျက်နှာဖုံးလှလှတော့ လို မယ် ။
ငါကတော့
ညစ်ညမ်းတဲ့ လေ နဲ့ မ တည့် ဘူး ။
မှန်လုံအိမ်ထဲက အပြုံးက
ကူးစက်ပိုးမွှားကင်းစင်တယ် ။
ဒါပေမယ့် ... ဓာတ်ငွေ့နံ့ မကင်းဘူး ။
ဘယ်ကိုသွားသွား မျက်နှာဖုံး ဆောင်ထားရတယ် ။
ခွဲစိတ်ခန်းသုံး မျက်နှာဖုံးဖြစ်ဖြစ် ၊
ပြဇာတ်ကတဲ့ မျက်နှာဖုံးဖြစ်ဖြစ် ၊
ဓာတ်ငွေ့ကာ မျက်နှာဖုံးဖြစ်ဖြစ် ၊
ပြောချင်တာက .....
ဘာပဲဖြစ်ဖြစ်
သေရာပါမယ့် မျက်နှာဖုံးတွေတော့ လိုမယ် ။

 

 

                                                                                                 ညီစိမ်း

3 comments:

ဖလိုင်း said...

မျက်နှာဖုံးကို အမြဲမဆောင်ထားပါရစေနဲ့ မွန်းကျပ်မှုကို မခံစားနိုင်လို့း)

ပီတိ said...

(A+)
ခုနစ်စဉ်ကြယ်ကို ရှာချင်ရင်
( အနည်းဆုံးတော့ )
တစ် က နေ ခုနစ် ထိ ကောင်းကောင်းရေတတ်ဖို့ လိုမယ် ။
စကားလုံးလှလှတွေ ပြော ဖို့
မျက်နှာဖုံးလှလှတော့ လို မယ် ။

(မျက်နှာဖုံးလှလှတွေ တပ်ပြီး စကားလှလှတွေမပြောကြတာ ဘယ့်နှယ်လုပ်ရပါ့)

ateateogjelg said...

မျက်နှာဖုံး မျက်နှာဖုံး ဘယ်နေရာသွားသွားမျက်နှာဖုံးတွေပဲ ခလုတ်တိုက်မိနေတယ် . . ဟူးးးးးစ် !!

မိငြိဏ်းခက်

Post a Comment

 

W3C Validations

Cum sociis natoque penatibus et magnis dis parturient montes, nascetur ridiculus mus. Morbi dapibus dolor sit amet metus suscipit iaculis. Quisque at nulla eu elit adipiscing tempor.

Usage Policies