ဒီလိုနဲ့ပဲ စခဲ့တာပေါ့ ။
လက်ကျန်ထွက်သက်အနေနဲ့
ကောင်းကင်ထဲကနေ တစ်ချက်လက်ပြပြီး
အသံမပေးပဲ ပြုတ်ကျသွားခဲ့တယ် ။
မျက်စိတစ်မှိတ်ပါပဲ ။
ညက လျပ်ပြက်ပြရလောက်အောင်
တိမ်မထူခဲ့ဘူး ။
အယောင်ယောင် အမှားမှားနဲ့
ထပ်ခါတလဲလဲ ထပ်မှားပြန်တယ် ။
နာရီသံကြောက်လို့ ထွက်ပြေးနေမိရာကနေ
နောက်ကြောင်းပြန်အလှည့် ....
ငါ့ကို ငါတောင် မျက်နှာချင်း မဆိုင်ဝံ့တော့ .....
ပုံပေါ်တယ်ဆိုရုံလေး ဆွဲပြထားတဲ့
ကြေမွမွ အပိုင်းအစတွေကို
လက်နဲ့ သိမ်းကြုံးပြီး ပုံဖော်ကြည့်တယ် ။
ငါ့ကောင်းကင်မှာ
ဘာငှက်မှ မပျံတော့ဘူး ။
အားလုံး ...... တိတ် ..... ဆိတ် .....
အခန်းငယ် .... ထောင့်တနေရာ .....
လှေကားရင်း ...... မျက်နှာကျက် .....
“ ခွမ်း ”
တွန့်ကြေနေတဲ့ အိပ်ရာခင်း
အချက်ပေးခေါင်းလောင်းသံ
ဒီည ..... အိပ်မပျော်ဘူး ။
ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားရတုန်းကတောင်
ဒီလောက်ထိ မခြောက်ခြားခဲ့ဘူး ။
ခြေရာထားသွားတယ် ၊ ခြေရာခြားသွားတယ် ။
ပြုတ်ကျကျန်ခဲ့သော ၊ ဖြုတ်ချချန်ခဲ့သော ။
လွတ်ကျသွားတဲ့ ၊ လွှတ်ချထားတဲ့ ။
ငါ ..... ဝေး .... ဝေး .....
အရိပ်တွေနဲ့ ခပ်ဝေးဝေးမှာ .....
ရုပ်တု ..... အရုပ်တု .....
မဟုတ်သေးဘူး ။
လက်ကျန်မရှိတော့တဲ့ မြည်သံသဲ့သဲ့ကို
ကော်နဲ့ကပ်ပြီး ရှင်သန်ထမြောက်အောင်
............... ..............
လက်ဖျောက်တစ်ချက်တီးကြည့်
ကန့်လန့်ကာအဖွင့်မှာပဲ
ဘယ်သူမှ မသိအောင်
ဝုန်းခနဲ ပြိုပျက်ကျ ။
မည်းနက်အေးစက်နေတဲ့ ညဟောင်းထဲမှာ
ခုတော့လည်း ..... ငါ ..... တစ်ယောက်တည်း ။
ငါ့ကိုသယ်ပိုးထားရတဲ့ ခြေထောက်တွေတောင်
အသံတိတ်ကုန်ကြပြီ ။
ခုတော့လည်း ..... ငါ ..... တစ်ယောက်တည်း ။
ငါ ..... တစ်ယောက်တည်း .....
တစ် ... ယောက် ... တည်း ...
ညက .... ည ... ပီသအောင်
အိပ်မောကျနေတယ် ။
ငါ ..... ..... .....
ဒီည ..... အိပ်မပျော်ဘူး ။
0 comments:
Post a Comment